ရန်ကုန်မှထွက်ပြေးလာသည့် ရခိုင်ရဟန်းတော် နှစ်ပါး ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ရောက်ရှိ
ရန်ကုန်မြို့တွင် ပေါ်ပေါက်ခဲ့သော ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ ရခိုင် ရဟန်းတော် နှစ်ပါးမှာ စစ်အာဏာ ပိုင်များ၏ ဖမ်းဆီးခံရမည့် အရေးမှ ရှောင်ကွင်းပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ထွက်ပြေး ရောက်ရှိလာကြောင်း သတင်းရရှိသည်။
ရဟန်းတော် နှစ်ပါးမှ အောက်တိုဘာလ ၂၉ ရက်နေ့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်းသို့ ရောက်ရှိခဲ့ပြီး ယခုအခါ ဖလောင်းချိတ်မြို့ တောကျောင်းတွင် ခေတ္တ နေထိုင်နေကြောင်း သိရှိရသည်။
ထွက်ပြေးရောက်ရှိလာသော ရဟန်းတော် နှစ်ပါးမှာ သက်တော် ၂၆ နှစ်ရှိ ဦးဣန္ဒြပညာနှင့် သက်တော် ၂၁ ရှိ ဦးမာဂိန္ဒတို့ ဖြစ်ပြီး ရဟန်းတော် နှစ်ပါး ရန်ကုန်မြို့တွင် ပေါ်ပေါက် ခဲ့သော ဆန္ဒပြပွဲ အများအပြားတွင် ပါဝင်ခဲ့သည်။
ရဟန်းတော် နှစ်ပါးမှာ ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ် ရာဇဂြိုလ်စာသင်တိုက်အတွင်းရှိ အလိုတော်ပြည့် ဓမ္မစရိယ စာသင်တိုက်တွင် ပညာသင်ကြားခဲ့ကြောင်း သိရှိရသည်။
ယခုရောက်ရှိလာသော ရဟန်းတော် နှစ်ပါးမှာ မြန်မာနိုင်ငံမှ ပထမဆုံး ထွက်ပြေး ရောက်ရှိလာသော ရဟန်းတော်များ ဖြစ်ပြီး တခြား ပြန်ပို့ခံရသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ရဟန်တော်များနှင့် ဆိုလျှင် ယခုအခါ ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိနေသူ ရဟန်း အရေအတွက်မှာ ၃၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။